ကိုယ့်ကို အမှန်တကယ် အားပေးတဲ့ အမာခံပရိသတ်တွေရဲ့ ချစ်ခြင်းနဲ့
အနီးကပ် ထိတွေ့မှုကို တိုက်ရိုက်ဝင်ငွေအဖြစ် ပြောင်းလဲဖို့
အခုပဲ FanTube နဲ့အတူ စတင်လိုက်ပါ။
Turn the love and close connection of the fans who truly support you into direct income. Start with FanTube today.
Social Media များက သင့်ကို လူသိများအောင် လုပ်ပေးနိုင်ပေမယ့် သင်နဲ့ သင့်ပရိသတ်ကြားမှာ Algorithm နှင့် ကြော်ငြာရှင် မူဝါဒများက ကြားခံခြားထားဆဲပါ။ FanTube က အဆိုပါ အဟန့်အတားများကို ဖယ်ရှားပြီး သင့် ဖန်တီးမှု အနုပညာ မှ တိုက်ရိုက် ဝင်ငွေရှာနိုင်ရန် ဖန်တီးပေးထားပါသည်။ Social media makes you known. But between you and your fans there is always an algorithm, a brand deal, a platform policy. FanTube removes what sits in between.
အမာခံပရိသတ် တကယ်တောင်းတသည့် High-Value Content များကိုပဲ သီးသန့် မျှဝေပါ။ သင့်ဖန်တီးမှုကို တန်ဖိုးထားသည့် Super-fans များသာ ကြည့်ရှုခွင့်ရမည်ဖြစ်ပြီး Content ခိုးယူမှုကိုလည်း စနစ်တကျ ကာကွယ်ပေးထားပါသည်။Post the work you can't put on social — or that social doesn't pay for. Only the fans you allow can see it, and the system protects it from being copied.
Algorithm ကြောင့် Reach ကျမှာ စိတ်မပူပါနဲ့။ သင် တင်သမျှ Content တိုင်း သင့်အမာခံပရိသတ်ဆီ တိုက်ရိုက် ရောက်ရှိမည်ဖြစ်ပြီး Paid DM ဖြင့်လည်း အနီးကပ် ထိတွေ့ဆက်ဆံနိုင်ပါသည်။No algorithm standing between you and your audience. What you post reaches your core fans directly — and Paid DMs let you talk to them one to one.
မည်သည့် Brand Deal မှ စောင့်နေစရာမလိုပဲ FanTube မှာ Membership, Pay-Per-Content, Gift နှင့် Paid DM ဆိုသည့် ဝင်ငွေစီးကြောင်း (၄) ခုဖြင့် သင့်ဖန်တီးမှုကို တိုက်ရိုက် ဝင်ငွေအဖြစ် ပြောင်းလဲလိုက်ပါ။No more waiting on brand deals. Fan support becomes monthly income through four streams: Membership, Pay-Per-Content, Gift and Paid DMs.
Super-fans များ အမှန်တကယ် စောင့်မျှော်နေသည့် သီးသန့် Quality Content များကို ဖန်တီးပါ (Video, Audio, Photo, Text & Digital Products)။Create the exclusive, high-quality work your super-fans are actually waiting for — video, audio, photo, text and digital products.
လစဉ် မန်ဘာကြေး ယူမလား၊ Content တစ်ခုချင်းအလိုက် စိတ်ကြိုက် ဈေးနှုန်း သတ်မှတ်မလား သင်ကိုယ်တိုင် ဆုံးဖြတ်ပါ။Charge a monthly membership fee, or price each piece of content yourself — the choice is entirely yours.
FB, TikTok, YouTube တို့တွင် အမြည်း / Trailer ပြပြီး သင့် FanTube Link ကို မျှဝေပါ (Reach ကို Social တွင် ယူ၊ Revenue ကို FanTube တွင် ရှာပါ)။Post a teaser or trailer on Facebook, TikTok and YouTube, then share your FanTube link — take the reach on social, make the revenue on FanTube.
အမာခံပရိသတ်များက Diamond ခရက်ဒစ်ဖြင့် လော့ခ်ဖွင့်၊ Gift ပေး၊ Membership ဝယ်ယူကြပြီး သင့်ဆီ ဝင်ငွေ တိုက်ရိုက် ရောက်ရှိပါမည်။Your core fans unlock with Diamond credits, send gifts and buy memberships — and the income reaches you directly.
FanTube ပေါ်က ပေးချေမှု အားလုံးက Diamond ဆိုတဲ့ ဒစ်ဂျစ်တယ် တိုကင် နဲ့ လည်ပတ်ပါတယ်။Every payment on FanTube runs on Diamonds — FanTube's digital token.
Diamond က တစ်ခုတည်းသော ဒစ်ဂျစ်တယ် တိုကင် ဖြစ်တဲ့အတွက် ပရိသတ်က ဘယ်နည်းလမ်းနဲ့ ပေးချေပေး၊ သင့်ဆီ ရောက်လာတဲ့ ဝင်ငွေ တွက်ချက်ပုံက အမြဲ တစ်ပုံစံတည်း ရှင်းလင်းနေပါတယ်။Because Diamonds are the single digital token, however a fan pays, the way your earnings are calculated stays the same and stays transparent.
သင့်ထံမှာ တကယ့် အမာခံပရိသတ်တွေ ရှိနှင့်ပြီးသားဆိုတာ သင့်ကိုယ်တိုင်လည်း အသိဆုံးပါ။ သူတို့ဟာ သာမန် Audience တွေ မရနိုင်တဲ့ သီးသန့် Exclusive အတွေ့အကြုံတွေကို သင့်ထံမှ စောင့်မျှော်နေကြပါတယ်။ ဒီစစ်မှန်တဲ့ အားပေးမှုကို FanTube ပေါ်မှာ ဂုဏ်သိက္ခာရှိစွာ ပြန်လည်မျှဝေပေးရင်း ရရှိလာမည့် လစဉ် ဝင်ငွေကို အောက်ပါ Slider များဖြင့် တွက်ချက်ကြည့်ပါ။You already know you have real core fans. They are waiting for the exclusive experiences an ordinary audience never gets. Use the sliders below to see what that genuine support could pay you every month on FanTube.
ဒီဝင်ငွေဟာ ကိုယ့်ရဲ့ ဖန်တီးမှုကို အသိအမှတ်ပြုသော Super-Fans များ၏ ဂုဏ်ယူစွာဖြင့် တိုက်ရိုက်ပေးချေမှု ဖြစ်ပါတယ်။This income is a direct payment, made with pride, by the super-fans who value what you create.
ဤတွက်ချက်မှုသည် ခန့်မှန်းချက်သာ ဖြစ်ပါသည်။ Creator တစ်ဦးချင်းစီ၏ ပရိသတ် အရည်အသွေး၊ Content အမျိုးအစားနှင့် လှုပ်ရှားမှုပေါ် မူတည်၍ အမှန်တကယ် ဝင်ငွေ ကွာခြားနိုင်ပါသည်။These figures are an estimate. Real earnings vary with the quality of your audience, your content type and how actively you post.
FanTube တွင် သင့် အမာခံပရိသတ်များထံမှ ရရှိထားသော ဝင်ငွေကို မိမိထုတ်ယူလိုသည့် အမောင့်အတိုင်း ကိုယ်တိုင်သတ်မှတ်၍ လစဉ် လကုန်ရက်တိုင်းတွင် တိကျစွာ ထုတ်ယူနိုင်ပါသည်။The income you earn from your core fans on FanTube is yours to withdraw — you set the amount, and it is paid out precisely at the end of every month.
လကုန်ရက်တွင် သင့် KBZPay အကောင့်သို့ လွှဲပြောင်းပေးပါမည်။Transferred to your KBZPay account at month end.
တစ်ခုတည်းကို မှီခိုစရာ မလိုပါဘူး။ ၄ ခုလုံးကို တစ်ပြိုင်နက် ဖွင့်ထားလို့ရပြီး ကိုယ့် Content ပုံစံနဲ့ ကိုက်တာကို ရွေးလို့လည်း ရပါတယ်။You don't have to depend on just one. Run all four at once, or pick the ones that fit how you create.
Content တစ်ခုချင်းစီကို သင်ကိုယ်တိုင် စျေးနှုန်း သတ်မှတ်ပြီး တင်လိုက်ပါ။ ပရိသတ်က Diamond နဲ့ ဖွင့်ကြည့်တိုင်း သင့်ဆီ ၇၀% တိုက်ရိုက် ရောက်ပါတယ်။ Membership မဝယ်နိုင်သေးတဲ့ ပရိသတ်တွေဆီကနေတောင် ဝင်ငွေ ရနိုင်တဲ့ အလွယ်ဆုံး နည်းလမ်းပါ။Price each piece of content yourself and publish it. Every time a fan unlocks it with Diamonds, 70% comes straight to you — the easiest way to earn even from fans who aren't ready for a membership.
Tier အဆင့်တွေကို ကိုယ်တိုင် သတ်မှတ်ပြီး လစဉ် တည်ငြိမ်တဲ့ Recurring ဝင်ငွေ တည်ဆောက်ပါ။ Member တွေက ဘယ် Content ကို ဝင်ကြည့်ခွင့်ရမလဲ၊ ဘယ်လို အထူးအခွင့်အရေးတွေ ရမလဲ ဆိုတာ သင်ပဲ ဆုံးဖြတ်ပါတယ်။ ဒါက အမာခံပရိသတ်ကို တကယ့် အသိုင်းအဝိုင်း ဖြစ်လာစေတဲ့ နည်းလမ်းပါ။Set your own tiers and build steady recurring income every month. You decide what each member can see and what perks they get — this is what turns core fans into a real community.
Post တိုင်း၊ Video တိုင်း၊ Short တိုင်း၊ Live တိုင်းမှာ ပရိသတ်က Gift ပေးလို့ရပါတယ်။ Gift တစ်ခုချင်းစီမှာ Diamond တန်ဖိုး ရှိပြီး သင့်ဆီ ၇၀% ရောက်ပါတယ်။ ပြီးတော့ Social မှာ တင်တဲ့ Free Video တွေကိုလည်း FanTube မှာ Free အဖြစ် တင်ပေးနိုင်ပြီး၊ FanTube မှာတော့ Gift ပေးလို့ရတဲ့အတွက် အဲဒီ Content တွေကနေပါ ဝင်ငွေ ရရှိမှာ ဖြစ်ပါတယ်။Fans can send gifts on any post, video or live session. Each gift carries a Diamond value and 70% lands with you — fun for them, income for you, with nothing to ask for.
ပရိသတ်တစ်ဦးချင်းနဲ့ တိုက်ရိုက် စကားပြောခွင့်ကို တန်ဖိုးထားပြီး ဝင်ငွေ ဖြစ်စေပါ။ ဘယ် Member Tier က DM ပို့ခွင့်ရမလဲ၊ ဘယ်လောက် ကျသင့်မလဲ သင် သတ်မှတ်နိုင်ပါတယ်။ အနီးကပ်ဆုံး ထိတွေ့မှုက အတန်ဖိုးအရှိဆုံး ဝင်ငွေလည်း ဖြစ်ပါတယ်။Put a value on one-to-one access. You choose which member tiers can DM you and what it costs. The closest connection is also the most valuable income.
ပရိသတ်က သင့် Content, Membership, Gift, Paid DM အတွက် သုံးစွဲလိုက်တဲ့ တန်ဖိုးရဲ့ ၇၀% ကို သင် ရရှိပါတယ်။ ကျန် ၃၀% က Platform, Payment Gateway နဲ့ Content ကာကွယ်ရေးစနစ် ကုန်ကျစရိတ်များ ဖြစ်ပါတယ်။You keep 70% of what fans spend on your content, memberships, gifts and Paid DMs. The remaining 30% covers the platform, payment gateways and the content-protection system.
Diamond က FanTube ရဲ့ ဒစ်ဂျစ်တယ် တိုကင် ပါ။ ပရိသတ်က မြန်မာ့ Mobile Payment အားလုံးနဲ့ ချိတ်ဆက်ထားတဲ့ MMQR ကနေ Diamond ဝယ်ပြီး၊ Content ဖွင့်ကြည့်ဖို့၊ Membership ဝယ်ဖို့၊ Gift ပေးဖို့၊ Paid DM ပို့ဖို့ သုံးပါတယ်။ Diamond တွေဟာ သက်တမ်း မကုန်ပါဘူး။ သူတို့ သုံးလိုက်တဲ့ တန်ဖိုးရဲ့ ၇၀% ကို သင် ရရှိပြီး လစဉ် ကျပ်ငွေအဖြစ် ပြန်ထုတ်ယူနိုင်ပါတယ်။Diamonds are FanTube's digital token. Fans buy them through MMQR — which connects to every Myanmar mobile payment method — then spend them to unlock content, buy memberships, send gifts and open Paid DMs. Diamonds never expire. You keep 70% of that value and withdraw it in Kyat each month.
မြန်မာ့ Mobile Payment အားလုံးနဲ့ ချိတ်ဆက်ထားတဲ့ MMQR ဖြင့် ပေးချေနိုင်ပါတယ်။ ပရိသတ်အနေနဲ့ နိုင်ငံခြား Card မလိုအပ်ပါဘူး။Through MMQR, which connects to every Myanmar mobile payment method. Fans don't need an international card.
ရပါတယ်။ Membership Tier တွေရဲ့ စျေးနှုန်း၊ Content တစ်ခုချင်းစီရဲ့ စျေးနှုန်း၊ Paid DM နှုန်းထား အားလုံးကို သင် ကိုယ်တိုင် သတ်မှတ်ပြီး အချိန်မရွေး ပြင်နိုင်ပါတယ်။Yes. You set the price of every membership tier, every piece of content and your Paid DM rate — and you can change them at any time.
FanTube က Video Content တွေကို DRM စနစ်နဲ့ ကာကွယ်ထားပြီး Screen Recording ကို ကန့်သတ်ပေးထားပါတယ်။ ဒါ့အပြင် ခွင့်ပြုချက်မရှိဘဲ ပြန်လည်ဖြန့်ဝေမှုတွေအတွက် စောင့်ကြည့်ရေး စနစ်လည်း ပါဝင်ပါတယ်။Video content is protected with DRM and screen recording is blocked. There is also monitoring in place for unauthorised redistribution.
Payout Cycle က လစဉ် လကုန်ရက် ဖြစ်ပါတယ်။ အနည်းဆုံး ထုတ်ယူနိုင်သည့် ပမာဏမှာ ၅၀,၀၀၀ ကျပ် ဖြစ်ပါသည်။ ၎င်းကို ကျော်လွန်ပါက မိမိ ထုတ်ယူလိုသည့် ပမာဏကို ကိုယ်တိုင် သတ်မှတ်ပြီး တောင်းဆိုနိုင်ပြီး၊ အကောင့်ဖွင့်စဉ်က ထည့်သွင်းထားသော KBZPay အကောင့်သို့ တိုက်ရိုက် လွှဲပြောင်းပေးပါသည်။The payout cycle runs at the end of each month. The minimum withdrawal is 50,000 Ks; above that you choose the amount and it is transferred to the KBZPay account you registered at sign-up.
Creator Application တွင် (၁) ကိုယ်ရေးအချက်အလက်နှင့် ဆက်သွယ်ရန်၊ (၂) Social Media Link များ၊ (၃) Content Category၊ (၄) Channel Setup အချက်အလက်၊ (၅) ငွေလက်ခံမည့် KBZPay Payout Account အချက်အလက်နှင့် (၆) Creator Terms of Service အပါအဝင် စည်းကမ်းချက်များ သဘောတူညီမှု — ဤ ၆ ခုကို ဖြည့်သွင်းရပါမည်။ Payout Account အတွက် အကောင့်အမည်နှင့် ဖုန်းနံပါတ်သာ လိုအပ်ပြီး Password သို့မဟုတ် Passcode ကို လုံးဝ တောင်းခံမည် မဟုတ်ပါ။ လျှောက်ထားပြီးပါက FanTube ဘက်မှ စစ်ဆေးအတည်ပြုပြီး အမြန်ဆုံး အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးပါမည်။The application covers six things: (1) personal and contact information, (2) social media links, (3) content categories, (4) channel setup information, (5) your KBZPay payout account details and (6) agreement to the Creator Terms of Service and General Terms. For the payout account only the account name and number are needed — you will never be asked for a password or passcode. Once submitted, FanTube reviews and verifies it so you can start as quickly as possible.
ဆက်တင်သင့်ပါတယ်။ Social Media က ပရိသတ် အသစ် ရှာဖွေဖို့ အကောင်းဆုံး နေရာပါ။ FanTube ကတော့ အဲဒီ ပရိသတ်ထဲက အမာခံတွေဆီကနေ ဝင်ငွေ ဖန်တီးဖို့ နေရာပါ။ Reach က Social၊ Revenue က FanTube လို့ မှတ်ထားပါ။You should. Social media is still the best place to find new fans. FanTube is where you turn the most devoted of them into income. Reach on social, revenue on FanTube.
အောက်က ခလုပ်ကို နှိပ်လိုက်ရင် FanTube Creator အကောင့် ဖွင့်တဲ့ နေရာကို တန်းရောက်သွားပါမယ်။ အဲဒီမှာ အောက်ပါ အချက်အလက်များကို အပြည့်အစုံ ဖြည့်သွင်းပေးရန် လိုအပ်ပါတယ်။ Creator Application တင်သွင်းပြီးတာနဲ့ FanTube ဖက်မှ အမြန်ဆုံး စစ်ဆေးအတည်ပြုခြင်း လုပ်ငန်းစဉ်များ ပြုလုပ်ပြီး စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။The button below takes you straight to FanTube creator sign-up, where you fill in the details below in full. Once your creator application is submitted, FanTube verifies it as quickly as possible so you can start using the platform.
Creator အကောင့်ဖွင့်မည် →Become a Creator →